ပြည်တွင်းအခွန်များဦးစီးဌာနမှ အိမ်ခြံမြေ၊ အဆောက်အအုံနှင့် တိုက်ခန်းစသည့် အခြေပစ္စည်းများ အရောင်းအဝယ်ပြုလုပ်သူများအတွက် အောက်ပါအတိုင်း အသိပေးကြေညာအပ်ပါသည်။
အဓိကပြောင်းလဲချက်များ –
- စတင်မည့်ရက်စွဲ – ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁) ရက် (၁-၉-၂၀၂၆) မှ စတင်မည်ဖြစ်ပါသည်။
- လိုအပ်မည့်စာရွက်စာတမ်းသစ် – စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် စာချုပ်မှတ်ပုံတင်ခြင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့တွင် အမည်ပြောင်းလျှောက်ထားခြင်းများ ပြုလုပ်ရာတွင် ဝယ်ယူသူ၏ ဝင်ငွေခွန်ကင်းရှင်းကြောင်းအပြင် ရောင်းချသူ၏ အခြေပစ္စည်းမြတ်စွန်းခွန် ကင်းရှင်းကြောင်း ထောက်ခံချက် ကိုပါ မဖြစ်မနေ ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။
- အိမ်ခြံမြေ ဝယ်ယူသူများအတွက် အကြံပြုချက် – အရောင်းအဝယ်ပြုလုပ်ရာတွင် ဝယ်ယူသူမှ သက်ဆိုင်ရာမြို့နယ်အခွန်ရုံးတွင် ဝင်ငွေရလမ်းစိစစ်ခံယူချိန်၌ ရောင်းချသူများအနေဖြင့်လည်း မိမိတို့တွင် အခြေပစ္စည်းမြတ်စွန်းခွန် ကျသင့်ခြင်း ရှိ/မရှိ တစ်ပါတည်း စစ်ဆေးခံ၍ အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ကို ရယူပေးရန်အတွက် ဝယ်ယူသူအနေဖြင့် အရောင်းအဝယ်အတွက် ဆွေးနွေးရာတွင် တခါတည်း တောင်းခံထားရန် ကြိုတင်အသိပေးနှိုးဆော်အပ်ပါသည်။
ထုတ်ပြန်သည့်ဌာန: ပြည်တွင်းအခွန်များဦးစီးဌာန
