
•
အိမ်ခြံမြေ ဝယ်ယူသူများအတွက် အကြံပြုချက် – အရောင်းအဝယ်ပြုလုပ်ရာတွင် ဝယ်ယူသူမှ သက်ဆိုင်ရာမြို့နယ်အခွန်ရုံးတွင် ဝင်ငွေရလမ်းစိစစ်ခံယူချိန်၌ ရောင်းချသူများအနေဖြင့်လည်း မိမိတို့တွင် အခြေပစ္စည်းမြတ်စွန်းခွန် ကျသင့်ခြင်း ရှိ/မရှိ တစ်ပါတည်း စစ်ဆေးခံ၍ အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ကို ရယူပေးရန်အတွက် ဝယ်ယူသူအနေဖြင့် အရောင်းအဝယ်အတွက် ဆွေးနွေးရာတွင် တခါတည်း တောင်းခံထားရန် ကြိုတင်အသိပေးနှိုးဆော်အပ်ပါသည်။