လူကြီးမင်းတို့ရဲ့ လုပ်ငန်းရှိ အဖိုးတန် အမှတ်တံဆိပ်နဲ့ တီထွင်ဖန်တီးမှုတွေကို ဘယ်လို ကာကွယ်မလဲ?
စီးပွားရေးတစ်ခု စတင်ပြီဆိုတာနဲ့ Logo၊ အမှတ်တံဆိပ် (Brand Name)၊ ထုတ်ကုန်ပုံစံနဲ့ ဖန်တီးမှုတိုင်းဟာ သင့်လုပ်ငန်းရဲ့ မရှိမဖြစ် တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်လာပါတယ်
ဒါပေမဲ့ ဒီပိုင်ဆိုင်မှုတွေကို တရားဝင် အကာအကွယ်ရယူဖို့ ဆောင်ရွက်ထားတာ မရှိခဲ့ရင် အခြားသူတွေရဲ့ တုပကူးယူခံရခြင်းကနေ အာမခံချက် မရရှိနိုင်ပါဘူး
မူပိုင်ခွင့် (Intellectual Property – IP) ဆိုတာ ဘာလဲ?
မူပိုင်ခွင့်ဆိုတာ လူကြီးမင်းတို့ရဲ့ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးထားတဲ့ အသိဉာဏ်ပစ္စည်းတွေကို တခြားသူတွေဆီက တုပကူးယူခြင်း ၊ စီးပွားဖြစ်ဆောင်ရွက်ခြင်းတွေကနေ ဥပဒေအရ အကာအကွယ်ရယူနိုင်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။
IP မှာ အဓိက ပါဝင်တဲ့ အမျိုးအစား (၄) ခု:
- Trademark (ကုန်အမှတ်တံဆိပ်): သင့်ရဲ့ Brand Name၊ Logo ၊ Image တွေကို အခြားသူတွေက ဆင်တူယိုးမှာပြုလုပ်၍ ဖြစ်စေ ထပ်တူတုပ၍ ဖြစ်စေ သုံးစွဲခြင်း မပြုနိုင်အောင် ကာကွယ်ပေးပါတယ်၊
- Copyright (စာပေအနုပညာ မူပိုင်ခွင့်): စာပေ၊ အနုပညာ၊ သင်ရိုးညွှန်းတမ်း၊ Software နဲ့ Content ဖန်တီးမှုတွေကို မူပိုင်ခွင့် အပြည့်အဝ ရရှိစေပါတယ်၊
- Patent (တီထွင်မှု မူပိုင်ခွင့်): နည်းပညာ ဒါမှမဟုတ် ထုတ်ကုန် အသစ်တီထွင်မှုတွေကို သီးသန့် ပိုင်ဆိုင်ခွင့် ပေးထားတာ ဖြစ်ပါတယ်၊
- Industrial Design (စက်မှုဒီဇိုင်း): ထုတ်ကုန်ရဲ့ ပြင်ပ ပုံသဏ္ဌာန်နဲ့ ဒီဇိုင်းအလှအပတွေကို ကာကွယ်ပေးပါတယ်၊
IP မူပိုင်ခွင့် ရယူထားခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ: လူကြီးမင်း Brand ရဲ့ တန်ဖိုးနဲ့ ယုံကြည်စိတ်ချရမှုကို မြှင့်တင်ပေးနိုင်ခြင်း၊ တရားမဝင် ကူးယူသူတွေကို ဥပဒေအရ အရေးယူနိုင်ခြင်း၊ Franchise / Licensing ပေးပြီး စီးပွားရေး ချဲ့ထွင်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ခံစားရရှိနိုင်ပါတယ်။
လူကြီးမင်းတို့ရဲ့ စီးပွားရေးနဲ့ ကိုယ်ပိုင်တီထွင်ဖန်တီးမှုတွေကို ရေရှည်ခိုင်မာအောင် ယခုပဲ စနစ်တကျ မူပိုင်ခွင့် မှတ်ပုံတင်ထားဖို့ လိုအပ်ပါတယ်။
ဆက်သွယ်ရန်: ဝန်ဆောင်မှုများအကြောင်း အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Page Messenger ၊ Viber၊ Telegram တို့မှတစ်ဆင့် တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။