ကုန်အမှတ်တံဆိပ် (Trademark) မှတ်ပုံမတင်ထားပါက ကြုံတွေ့ရနိုင်သည့် အန္တရာယ်များနှင့် ကာကွယ်နည်းများ

လူကြီးမင်းတို့၏ လုပ်ငန်း အမှတ်တံဆိပ်အား အခြားသူများ တုပသုံးစွဲခြင်းမှ ကာကွယ်ထားပြီးပြီလား?

စီးပွားရေးတစ်ခု ရေရှည်အောင်မြင်စွာ ရပ်တည်နိုင်ရန်အတွက် Brand Name နှင့် Logo တို့သည် မရှိမဖြစ် အဓိကကျသော အသိဉာဏ်ပစ္စည်း ပိုင်ဆိုင်မှုများ ဖြစ်ကြပါသည်။

သို့သော်လည်း သင့်လျော်သော ဥပဒေကြောင်းအရ မှတ်ပုံတင် ကာကွယ်ထားခြင်း မရှိပါက အောက်ပါ ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရနိုင်ပါသည်-

အမှတ်တံဆိပ် မှတ်ပုံမတင်ထားပါက ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ:

  • တုပကူးယူခံရခြင်း: အခြားသူများမှ ထပ်တူ သို့မဟုတ် ဆင်တူယိုးမှား ပြုလုပ်၍ စီးပွားရှာခြင်းကို ဥပဒေအရ တားဆီးရန် ခက်ခဲခြင်း၊
  • Brand တန်ဖိုး ကျဆင်းခြင်း: အရည်အသွေးမမီသော တုပထုတ်ကုန်များကြောင့် လူကြီးမင်းတို့၏ အမှတ်တံဆိပ် ဂုဏ်သတင်း ထိခိုက်ရခြင်း၊
  • စီးပွားရေး အခွင့်အလမ်း ဆုံးရှုံးခြင်း: တရားဝင် မူပိုင်ခွင့်မရှိပါက ရင်းနှီးမြှုပ်နှံသူများ၊ ရင်းနှီးဘက်များနှင့် ချိတ်ဆက်ရာတွင် အခက်အခဲရှိခြင်း။

Trademark မှတ်ပုံတင်ထားခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ:

  • သီးသန့် မူပိုင်ခွင့် ရရှိခြင်း: လူကြီးမင်း Brand Name နှင့် Logo ကို သီးသန့် မူပိုင်အသုံးပြုခွင့်ကို ဥပဒေအရ အပြည့်အဝ အကာအကွယ်ရရှိမည်ဖြစ်ပါသည်။
  • ဥပဒေအရ အရေးယူနိုင်ခြင်း: မသမာသော နည်းလမ်းဖြင့် တုပသုံးစွဲသူများကို တရားဥပဒေအတိုင်း ထိရောက်စွာ တားဆီးအရေးယူနိုင်ပါသည်။
  • လုပ်ငန်းတန်ဖိုး မြင့်မားလာခြင်း: မူပိုင်ခွင့်ရထားသော အမှတ်တံဆိပ်သည် တန်ဖိုးဖြတ်နိုင်သော လုပ်ငန်းပိုင်ဆိုင်မှုတစ်ရပ် ဖြစ်လာပါသည်။

လူကြီးမင်းတို့၏ စီးပွားရေး တန်ဖိုးနှင့် ခိုင်မာမှုကို ရေရှည် ထိန်းသိမ်းနိုင်ရန်အတွက် စနစ်တကျ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို ယခုပင် ဆောင်ရွက်ထားရန် အကြံပြုအပ်ပါသည်။

ဆက်သွယ်ရန်:

အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Page Messenger ၊ Viber ၊ Telegram တို့မှတစ်ဆင့် တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။